ငပုတောမြို့တွင် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ငပုတော ဇူလိုင် ၈

၂၀၂၂  ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အခြေခံပညာ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက်က ငပုတောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၌ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆယ်ကိုးဇူလိုင်မျက်ရည်ဖြိုင် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၇)ဦး၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့တို့ မမေ့ ခေါင်းစဉ်ဖြင့်  မူလတန်းကျောင်းသား၊ ကျောင်းသူ(၁၁)ဦး စုစုပေါင်း (၁၈)ဦး ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။ ပြိုင်ပွဲ အသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရ သည်။

အောင်သူ(ငပုတောပြန်/ဆက်)