ငပုတော ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အသက်(၅) နှစ်မှ (၁၂)ကြား ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ငပုတောမြို့ အနောက်ပိုင်းရပ်ကွက် အခြေခံပညာမူလတန်း ကျောင်း အမက-(၄)နှင့် ဘုံကျော်ဘုန်းတော်ကြီး ပညာသင်ရေးကျောင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင် (၂ )ဦးသန်းဦးတို့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂) ဦးသန်းဦး တို့သည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုကာ ကျောင်းသန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် တာဝန် ရှိသူများအား မှာကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီးအားပေးစကားများ ပြောကြားခဲ့သည်။ ငပုတောမြို့ အခြေခံ ပညာ မူလတန်းကျောင်း အမက (၄ )တွင် ကာကွယ်ဆေး ဆေးထိုးနှံသူ (၁၂၉)ဦး၊ ဘုန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွင် ကာကွယ်ဆေး ထိုးနှံသူဦး (၉၁) စုစုပေါင်း (၂၂၀) ဦးတို့ အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ