ကော့ကရိတ်မြို့၌ အာဇာနည်နေ့အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ကော့ကရိတ် ဇူလိုင် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထကတောင်ပေါ်ရပ်အခြေခံပညာ အထက်တန်းကျောင်း တို့ပူးပေါင်း၍ (၇၅) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွှဲ (၁) နာရီခွဲက အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးမင်းသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီး  ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က မိမိတို့ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ အာဇာနည်နေ့ အထိမ်းအမှတ်ဖြစ်ပေါ်လာပုံ သမိုင်း ကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိများနှင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အားလပ်ချိန်တွင် စာပေဗဟုသုတရရှိစေရေးအတွက် စာအုပ်စာစောင်များ ဖတ်ရှု့လေ့လာ စေရေးတို့ကို ဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၅) နှစ်မြောက် အာဇာနည် နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများ၊စာအုပ်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အထကတောင်ပေါ်ရပ် ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

ခင်မျိုးဝင်း (ခရိုင်ပြန်ဆက်)