ဆိပ်ဖြူ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အခြေခံစက်ချုပ်သင်တန်းကို ကမ္ဘားကြီးကျေးရွာ ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါအခြေခံစက်ချုပ်သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ အမျိုးသမီးငယ်လေးများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရရှိပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်ဆောင်ရွက်နိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားစွာရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။
၎င်းသင်တန်းကို ကမ္ဘားကြီးကျေးရွာနှင့် ဂွေးပင်ချောင်းကျေးရွာတို့မှ သင်တန်းသူ ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းနည်းပြ ဆရာမနှစ်ဦးက အခြေခံစက်ချုပ်ပညာနှင့် အထည်ချုပ်လုပ်ခြင်းပညာရပ်များကို စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပေးလျက်ရှိကြောင်း သင်တန်းကာလမှာ ဇူလိုင်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ကိုဇွဲ (အညာမြေ)