အုတ်တွင်းမြို့နယ်၊ အ.မ.က(မူလွန်)ကသစ်တန်းကျောင်းတွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်

အုတ်တွင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အခြေခံပညာ မူလတန်းလွန်ကျောင်း(ကသစ်တန်း)တွင် (၇၅)နှစ်မြောက်အာဇာနည်နေ့အကြောင်း ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းအရာနှင့် အာဇာနည်ကိုးဦး၏သမိုင်းအကျဉ်းများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား ရှန်တီစေတနာ့ဝန်ထမ်းများနှင့်ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်သည့်လုပ်ငန်းများဖြစ်သည့် ပုံပြင်ပြောပြခြင်း၊ စာအုပ်စာစောင်များဖတ်ရှုခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးခြင်းဖြင့် ကလေးသူငယ်များဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးအချင်းချင်းရင်းနှီးမှုရှိ​စေရန် ရည်ရွယ်​ဆောင်ရွက်​ပေးခဲ့​ကြကြောင်းနှင့် ကလေးသူငယ်များစာဖတ်သည့် အလေ့အကျင့်များရရှိစေရန် စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ (ပြန်/ဆက်)