စလင်း ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပန်းခြံများနှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် အရေးပေါ်ရေဖြည့်တင်းအသုံးပြုနိုင်ရန် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်မြင့် ဦးဆောင်ကြီးကြပ်၍ ဆင်ဖြူကျွန်းမီးသတ်စခန်းတို ့ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ရေလှောင်ကန်များရေဖြည့်ခြင်းနှင့် စိုက်ပျိုးထားသည့် ပန်းအလှပင်များကို ရေလောင်းခြင်း၊ ရေဖြန်းခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆင်ဖြူကျွန်းမြို့ပေါ်ရပ်ကွက်များနှင့် ဆင်ဖြူကျွန်းစျေးအတွင်း အရေးပေါ်ရေဖြည့်တင်းအသုံးပြုနိုင်ရန်အတွက် ဆင်ဖြူကျွန်းမြို့ အမှတ်(၃)ရပ်ကွက်စျေးအနီးရှိ ၄လက်မစက်ရေတွင်း အင်ဂျင်နှင့်ဆက်စပ်ပစ္စည်းများ၊ ပြုပြင်စမ်းသပ်မောင်းနှင်ခြင်း၊ ရေလှောင်ကန်သန့်ရှင်းရေများ ဆောင်ရွက်ပြီးစီးခဲ့ပြီး မီးသတ်ယာဉ်ဖြင့် ရေဖြည့်တင်းဆောင်ရွက်ခြင်းတို့ကို ဆင်ဖြူကျွန်း မီးသတ်စခန်းမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စည်ပင်သာယာကော်မတီဝင် ဦးကျော်မြင့် ဦးဆောင်၍ ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ မြို့နယ်အတွင်း စိမ်းလန်းစိုပြေသာယာလှပစေရန်နှင့် မြို့အဝင် စိန်ပန်းဘုန်းတော်ကြီး ကျောင်းတိုက်ရှေ့၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်းတိုက်ရှေ့နှင့် ပြည်သူ့ဆေးရုံရှေ့တို့တွင် စိုက်ပျိုးထားသည့် ပန်းအလှပင်များဖြစ်သည့် စိန်ပန်းပြာပင်များ သပြေဘုတပင်များကို အဖွဲ့ပိုင်ရေသယ်ယာဉ်ဖြင့် မြို့အဝင်ဆိုင်းဘုတ်များအနီးရှိ ပန်းအလှပင်များအား ရေလောင်းခြင်း ပက်ဖြန်းခြင်းများပြုလုပ်၍ ဆောင်ရွက်ကြကာ နေ့စဉ်အမှိုက်သိမ်း ယာဉ်များဖြင့် ခေါင်းလောင်းထိုးသတိပေးခြင်းများ ပြုလုပ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများမှ မြိုနယ်အတွင်းသာယာလှပစေရန် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)