လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဝါဆိုသင်္ကန်းကပ်လှူပွဲဇော်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ ဇူလိုင် ၇

ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဝင်းစိန်ကျေးရွာတွင် ဗုဒ္ဓဘာသာတို့၏ ဝါဆိုလအတွင်း ကုသိုလ်တရားများရရှိရေးအတွက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဝင်းစိန်ကျေးရွာ၊ ကျိုက်မုထောစေတီဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆရာတော်/သံဃာတော်များ၊ တရားနာပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆိုခဲ့ပြီး ကျိုက်မုထောစေတီ ဘုန်းတော်ကြီးကျောင်းဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူရခြင်း၏ အကျိုးကျေးဇူးများ၊ ဝါဆိုသင်္ကန်းကပ်လှူရခြင်းနှင့်ပတ်သက်၍ မြတ်စွာဘုရားက ဟောကြားတော်မှုခဲ့သော တရားများ၊ ဝါတွင်းကာလတွင် ဥပုသ်သီလဆောက်တည်ပြီး တရားဘာဝနာများ ပွားများအားထုတ်ခြင်းများကို ဟောကြားတော်မူခဲ့သည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားများ ရွတ်ဖတ်ပူဇော်ပြီးနောက် ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထုအစုစုတို့အတွက် အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)