မင်းကင်း ဇူလှိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနမှ ပတ်ဝန်းကျင်သာယာလှပရေးအတွက် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို သလဘာကျေးရွာအနီး၊ ကလေး၊ မင်းကင်း၊ ယာကြီး၊ မုံရွာကားလမ်းဘေးဝဲယာ၌ ယနေ့ နံနက်(၇)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် သစ်တောဦးစီးအရာရှိ ဦးဝင်းခိုင်ဖြိုးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးရန် သတ်မှတ်နေရာများတွင် စတင်နေရာယူ စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာသူများနှင့်အတူ ကျွန်းပျိုးပင်(၃၀၀)နှင့် ပျဉ်းကတိုးပျိုးပင်(၂၀၀) ပျိုးပင်စုစုပေါင်း(၅၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ မင်းကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မင်းကင်း(ပြန်/ဆက်)