တောင်ငူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲကျင်းပ

တောင်ငူ ဇူလိုင် ၇

တောင်ငူတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ် ပြိုင်ပွဲကို ယနေ့တွင် တောင်ငူတက္ကသိုလ်မိုးလုံလေလုံအားကစားရုံ၌ စတင်ကျင်းပရာ ဘာသာရပ်ဌာနများမှ ကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၁၀)ဦး စုစုပေါင်း(၄၁)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

ပြိုင်ပွဲတွင်တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲများကို ဇူလိုင်လ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများအပြီးတွင် ဆုပေးပွအခမ်းအနားကိုလည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)