ရွှေဘို ဇူလိုင် ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ အထက(၂)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ၊ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်၁၀နာရီချိန် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်အေးမြမွန်က ကျောင်းသား/သူများ စိတ်ဓါတ်၊ စည်းကမ်းကောင်းမွန်ရေး၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဒေါ်စိမ်းလဲ့ရည်က Gender အခြေခံသဘောတရားများ၊ Sex and Genderကွဲပြားခြားနားမှု၊ ကျား/မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာများ၊ ကျား/မတန်းတူညီမျှမှုနှင့် ပတ်သက်၍အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ချောစုဝင်းက သဘာဝဘေး၉မျိုးနှင့် ပတ်သက်၍ ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရမည့် အချက်များ ဆောင်ရန် ရှောင်ရန်အချက်များကို ဟောပြောပြီး၊ လက်တွေ့ သရုပ်ပြသခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အလယ်တန်း၊ အထက်တန်း ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ခဲ့ပြီး၊ဟောပြောပွဲများကို မြို့ပေါ်ရှိ အထက၊ အလကကျောင်းများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)