အိမ်မဲ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးက ဌာနဆိုင်ရာများအနေဖြင့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများသတ်မှတ်ရက်အပြီး ဆောင်ရွက်ကြရန်၊ နေကြာစိုက်ပျိုးရေး၊ နွေစပါး၊ မိုးစပါးစိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများကို ကျေးရွာကြီးကြပ်အဖွဲ့များ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ကြရန်၊ နိုင်ငံ့ဝန်ထမ်းအငှားအိမ်ယာ ဖော်ဆောင်နိုင်ရေးအတွက် စမ်းစစ်ချက်စာရင်းများ ပြုစုပေးပို့ကြရန်၊ မြို့သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းမြတ်စံနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးမောင်မျိုးတို့က မြို့နယ်တွင် လုံခြုံရေးပိုင်းဆောင်ရွက်နေမှုနှင့် ရုံးဌာနများ၊ စာသင်ကျောင်းများ လုံခြုံရေးအထူးဂရုပြုရန် ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက လက်ရှိဌာနများအလိုက် ဆောင်ရွက်နေမှုနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြခဲ့ကြသည်။
ဌေးဌေးလှိုင်
အိမ်မဲ( ပြန်/ဆက်)