ကျွန်းစုမြို့တွင် ဌာနဆိုင်ရာများ စုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းရေးအတွက် အစည်းအဝေးပြုလုပ်

ကျွန်းစု ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ စုပေါင်းကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှုအတွက် ယနေ့နံနက်(၁၁)အချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက စုပေါင်းဝါဆို သင်္ကန်းလှူဒါန်းမှုကို ၂၀၁၉ခုနှစ် အထိသာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကြောင့် မပြုလုပ်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် မြို့ပေါ် အမှတ်(၃)ရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက်၌ ဝါဆိုလဆုတ်(၈)ရက်နေ့တွင် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုအပ်သည်များအား တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက အလှူငွေများထည့်ဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)