တောင်တွင်းကြီးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေး

တောင်တွင်းကြီး ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ် အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးအဖွဲ့များခွဲပြီး  ယနေ့ နံနက်(၉)နာရီက စတင်၍ ဒုတိယအကြိမ် ကာကွယ်ဆေးများ ကွင်းဆင်း ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်၌ ယခု ၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် (ထက်၊ လယ်၊ မူ) အခြေခံပညာကျောင်းပေါင်း(၂၅၄) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃) ကျောင်း၊ ကိုယ်ပိုင်အထက်တန်း‌ ကျောင်း(၂)ကျောင်းတို့ရှိပြီး အဆိုပါ အခြေခံပညာစာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက် (၅) နှစ်မှ (၁၂) နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၆၈၈၀) ဦးအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရန် လျာထား ဆောင်ရွက် ထားရှိကြောင်း သိရသည်။

ထိုသို့ အခြေခံပညာကျောင်းများအလိုက် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက ကွင်းဆင်းကြီးကြပ်ပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား၊‌ကျောင်းသူများကို သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်းနှင့် စာရင်းကောက်ယူခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြပြီး သတ်မှတ်လျာထားဦးရေ လွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)