ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပ

ပလောက် ဇူလိုင် ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပုလောမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြစောနွယ်က ကြိုတင်ကာကွယ် သဘာဝဘေး အန္တရာယ်များဖြစ်သော (မီးဘေး၊ လေပြေင်းဘေး၊ မုန်တိုင်းဘေး၊ ဆူနာမီဘေး) နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ခြင်း၊ လက်တွေ့ပြသခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဉာဏ် စမ်းမေးခွန်းများမေးမြန်း၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်နှင်းမြူလွင်က (၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင် းကြောင်းအကျဉ်းကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သဘာဝဘေးအသိပညာပေးဟောပြောပွဲသို့ ပလောက်မြို့ ခေတ္တမြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးနှင့်ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ ဦးသွင်စည်သူကျော်ထွေး၊ ပလောက်နယ်မြေရဲစခန်း၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမ ကြီးနှင့်ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

နှင်းမြူလွင် (ပလောက်)