အောင်လံ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံမိတ်ဆက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက ဦးစွာ မိတ်ဆက်စကား ပြောကြားကာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အဆင့်သတ်မှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာလျှင် မြို့ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတွင်းရေးမှူးတို့၏ လုပ်ငန်း လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့် ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်းတွင် မြို့မိမြို့ဖများ တွေ့ဆုံ၍ မိတ်ဆက်စကားများ ပြောကြားပြီး မြို့ရွာဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့မိမြို့ဖများ၊ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်မှသာလျှင်ဖွံ့ဖြို့ တိုးတက်မည် ဖြစ်ကြောင်း တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)