သနပ်ပင်မြို့နယ်၌ ပုဂံညောင်ပင်ရေလွှဲပေါက်အတွင်း ငါးကောင်ရေ ၃၈၀၀၀၀ ငါးမျိုးစိုက်ထည့်

သနပ်ပင် ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ပုဂံညောင်ပင်ရေလွှဲပေါက်အတွင်းသို့  ငါးသယံဇာတများရေရှည်စဉ်ဆက်မပျက် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငါးစားသုံးမှုဖူလုံစေရေးတို့အတွက် ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က  ပြွန်ပေါက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ငါးလုပ်ငန်းဥက္ကဋ္ဌ ဦးမင်းနောင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ဆွေဆွေဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ငါးစခန်းတာဝန်ခံဒေါ်စန်းစန်းဦးနှင့်ဝန်ထမ်းများ မြို့နယ်ငါးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက နှစ်လက်မအရွယ် ငါးမြစ်ချင်းအကောင်ရေ(၂၀၀၀၀၀)၊ ငါးခုံးမကြီးအကောင်ရေ(၁၈၀၀၀၀) စုစုပေါင်းငါးသား‌ပေါက်ကောင်ရေ(၃၈၀၀၀၀)သိန်းအား ပြွန်ပေါက်ကျေးရွာ ပုဂံညောင်ပင်ရေလွှဲပေါက်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။

လှမိုး (ပြန်/ဆက်)