သရက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အသိပညာပေး ဟောပြောပွဲကျင်းပ

သရက် ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးရှိအရာရှိ ဒေါ်သူဇာထွန်းက မိုးကြိုးအန္တရာယ်၊ ငလျင်ဘေး၊ ရေဘေး၊မီးဘေး၊ လေပြင်းဘေး၊ မိုးခေါင်ဘေး၊ မြေပြိုဘေးနှင့် ဆူနာမီဘေး၊ မုန်းတုန်းဘေးဆောင်ရန်၊ ရှောင်ရန်များကို ဟောပြောပေးခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းခိုင်က ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး ခေါင်စဉ်ဖြင့် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)