အုတ်ဖိုမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

အုတ်ဖို ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးသူငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်း အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကာကွယ်ဆေးထိုးရန် (၁၀၃၅၂) ဦးရှိပြီး ကာကွယ်ဆေးထိုးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅)ကျောင်း တွင် စုရပ်ပြုလုပ်ကာပြီးခဲ့သည့် ဇွန်လ(၂)ရက်နေ့က ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်ရာ ဇူလိုင်(၁)ရက်နေ့မှစတင်ကာ ကာကွယ်ဆေးကို ဒုတိယအကြိမ်မြောက်အဖြစ် ထိုးနှံပေးလျက်ရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ