သာယာဝတီမြို့၌ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲကျင်းပ

သာယာဝတီ ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် သာယာဝတီခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနား​လည်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ငလျင်ဘေးအန္တရာယ်၊ ဆူနာမီဘေးအန္တရာယ်များအကြောင်းကိုလည်းကောင်း၊  မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီးနောက် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)