ထားဝယ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှဦးဆောင်၍ စံပြမိခင်ဝိုင်းဆိုင်းဘုတ်ကို ထားဝယ်မြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနအောက်ထပ်၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင်၊ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းတို့က စံပြမိခင်ဝိုင်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးနှင့်တာဝန်ရှိသူများက ကလေးမိခင်များအား ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ရင်သွေးငယ်များပျော်ရွှင်စွာ ကစားနေမှုအား ကြည့်ရှုအားပေးသည်။
ကလေးပြုစုပျိုးထောင်ရေးနည်းလမ်းကောင်းများ ရပ်ရွာများအတွင်းပျံ့နှံ့စေရန်၊ ကလေးပြုစု ပျိုးထောင်ရေးလုပ်ငန်းကို ရပ်ရွာမှစုပေါင်း တာဝန်ယူလုပ်ဆောင်တတ်စေရန်၊ ကလေးပြုစုရေးနည်းလမ်းကောင်းများကို မိခင်ဝိုင်းများ အချင်းချင်း မျှဝေတတ်စေရန်၊ ကလေးပြုစုရေးနည်းလမ်းကောင်းများကို ရပ်ရွာလူထုမှကျယ်ကျယ်ပြန့်ပြန့် သိရှိလာပြီးလက်တွေ့ စိတ်ပါဝင်စားစွာဆောင်ရွက်တတ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် မိခင်ဝိုင်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဆွေဆွေလင်းထံမှသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)