လက်ပံတန်းမြို၌ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းဆောင်ရွက်

လက်ပံတန်း ဇူလိုင် ၇

လက်ပံတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center)ခန်းမ၌ စာပေချစ်သူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ လက်ပံတန်းမြို့နယ်စာပေချစ်သူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာမြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များနှင့် ဆရာ/ဆရာများက ဆရာမောင်ရင့်မာ (ကျောင်းကုန်း)၏ "ဝန်ချတောင်နှင့်ရသစာတမ်းများ "စာအုပ်ပါ စာတမ်းခေါင်းစဉ်အလိုက် တစ်ဦးချင်း ဖတ်ကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)