သဲကုန်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများမှ မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခြင်းများကို လစဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကလေးငယ်(၇၆)ဦးနှင့်ကိုယ်ဝန်ဆောင်မိခင်(၁၂)ဦးအား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးများကို မွေးကင်းစမှအသက်(၂)နှစ်အောက် သတ်မှတ်ထားသည့်အကြိမ်နှင့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်များအား ဘီစီဂျီ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗွီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဝက်သက် ဂျိုက်သိုးရောဂါကာကွယ် ဆေး(၉)မျိုးနှင့် ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)