အင်္ဂပူ ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာ စက်လှေဆိပ်ကမ်းတွင် ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရိုးတစ်လျှောက် စက်လှေ၊ သင်္ဘောများဖြင့် ခရီးသွားပြည်သူများအား Life Jacket ဝတ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့သည်။
အဆိုပါ အသိပညာပေးခြင်းကို ညောင်ကျိုးနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးလှမြင့်ဦး နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ဒေသခံခရီးသွားပြည်သူများအား Life Jacket ဝတ်ဆင် အသုံးပြုသွားလာရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုအချိန်တွင် ဧရာဝတီမြစ်နှင့် ငဝန်မြစ်များ၌ ရေတက်နေချိန်ဖြစ်သဖြင့် စက်လှေ၊ သင်္ဘောများဖြင့် သွားလာနေသူများအား အသက်အန္တရာယ် ကင်းရှင်းရေး အတွက် Life Jacket များ ဝတ်ဆင်အသုံးပြုသွား လာရေးကို အသိပညာပေးရခြင်းဖြစ်ကြောင်း ညောင်ကျိုးနယ် မြေမီးသတ်စခန်းမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)