ဓနုဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မိုးရာသီ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ်

ဓနုဖြူ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အားကစားကွင်းတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဓနုဖြူမြို့နယ်နှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ၂၀၂၂ ခုနှစ်၊ မိုးရာသီ အားကစား သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် လူငယ်၊ လူရွယ်နှင့် ကျောင်းသား၊ ကျောင်းသူများ အားကစားအပေါ် စိတ်ပါဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက် စေရန်၊ မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ပြီး မြို့နယ်အားကစားမှူး ဦးအောင်ဇော်လင်းမှ ဦးဆောင်၍ U.16 အမျိုးသား ဘောလုံး၊ U 18 အမျိုးသမီးဘောလုံး၊ ပြေးခုန်ပစ် စသည်ဖြင့် အားကစားနည်း(၃)မျိုး သင်ကြားပို့ချ ပေးသွားမည်ဖြစ်သည်။      

၂၀၂၂ ခုနှစ်၊ မိုးရာသီ အခြေခံအားကစားသင်တန်းများကို (၁.၇.၂၀၂၂) ရက်နေ့မှ (၁၅.၇.၂၀၂၂) ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)