ဂန့်ဂေါမြို့၌ ဆရာတော်၊ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး

ဂန့်ဂေါ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် မြို့ခင်းသာတောင်ကျောင်းတိုက်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဆရာတော်၊ သံဃာတော်များအား ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဂန့်ဂေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်း၏ စီစဉ်ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များတို့က ‌ဆေးလာရောက်ထိုးနှံသည့် ဆရာတော်၊ သံဃာတော်များကို ကျန်းမာရေးစစ်ဆေးခြင်း၊ စာရင်းအချက်အလက်ကောက်ခံခြင်းနှင့် ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးသည့် ဆရာတော်၊ သံဃာတော် (၄၅)ပါး၊ ဒုတိယအကြိမ်ထိုးသည့် ဆရာတော်၊ သံဃာတော် (၈၀)ပါးနှင့် တတိယအကြိမ်ထိုးသည့် ဆရာတော်၊ သံဃာတော် (၁၆၂)ပါး ထိုးနှံပေးခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)