မင်းလှမြို့နယ်တွင် (GIS)နည်းပညာဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာပြ (Point) ကောက်ယူခြင်းဆောင်ရွက်

အထက်မင်းလှ ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ (GIS)နည်းပညာဖြင့် တည်နေရာပြ (Point) ကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက ထန်းကိုင်းကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ တည်နေရာပြ (Point) ကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးစန်းမင်းနှင့် ဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရန်အတွက် မင်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် Geographical Information System(GIS) စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ (Point) ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာများ၌လည်း ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)