မင်းတုန်း ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မဲစာရင်းများ မှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက လူဝင်မှူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးစိုင်းဝင်းသိန်းဦးနှင့်အဖွဲ့မှ ကြို့ဝကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ မြေပြင်လူဦရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
မင်းတုန်းမြို့နယ်တွင် ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၇၂)အုပ်စုရှိရာ ဇူလိုင်လ(၆)ရက်နေ့အထိ ရပ်ကွက်(၄)ခု၊ ကျေးရွာအုပ်စု(၁၇)အုပ်စုတွင် မြေပြင်လူဦးရေစာရင်ကို ထွေအုပ်၊ လဝက၊ ကော်မရှင်တို့နှင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ အိမ်ခြေ(၆၆၆၆)၊ အိမ်ထောင်စု(၆၄၂၀)၊ လူဦးရေ (၂၄၄၆၆)ဦး တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ၃၈.၅၆ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)