လုံခြုံရေးအရခေတ္တလာရောက်ရှောင်တိမ်းနေရသူများအား ဆန်ရိက္ခာဘိုးထောက်ပံ့ငွေများပေးအပ်

ပေါက်ခေါင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ ရပ်ကွက်/ကျေးရွာများသို့ လုံခြုံရေးအရခေတ္တလာရောက်ရှောင်တိမ်းနေသော ပြည်သူများအတွက် ပြည်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဘိုးထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့ နေ့လည်  ၃  နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးသူမောင်က အမှာစကားပြောကြားရာတွင် လုံခြုံရေးအရ လာရောက်ရှောင်တိမ်းနေသည့် နယ်နိမိတ်ခြင်းထိစပ်နေသော မြို့နယ် ကျေးရွာများမှ ပြည်သူများမိမိတို့မြို့နယ်အတွင်း လက်ခံထားရှိမှုအခြေအနေများ၊ လာရောက်ရှောင်တိမ်းနေသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးနှင့် ကျောင်းနေအရွယ်အလေးများပါရှိပါက အခြေခံပညာကျောင်းများတွင် ပညာသင်ကြားခွင့်ရရှိနိုင်ရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။ ဆက်လက်၍ ရပ်ကွက်၊ ကျေးရွာ(၁၅)ရွာသို့ လာရောက်နေထိုင်သည့်ပြည်သူ ၃၇၀ ဦးအတွက် ဆန်ရိက္ခာဘိုးထောက်ပံ့ငွေ (၇၇၇,၀၀ဝိ/)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးနှင့် စာရေးများထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)