ပန်းတောင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့်သရုပ်ပြခြင်းကို ယနေ့နံက်ပိုင်းက အ.မ.က(ဖောင်းကန်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့်ပတ်သက်သောအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက်ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက်အားကစား သရုပ်ပြခြင်းလုပ်ငန်းများဆောင်ရွက်၍ အားကစားမှူးဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်မွန်ထံသို့ အားကစားပစ္စည်းများလှူဒါန်းခဲ့ကြောင်းသိရသည်။
သင်းသင်းအေး (ပြန်/ဆက်)