ပုလောမြို့နယ်၌  ကလေးသူငယ် အခွင့်အရေးကိုယ်တိုင်သိရှိ နားလည်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ပုလော   ဇူလိုင်  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပုလောမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြိတ်ခရိုင် လူမှု ဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ် သီသီအေးက ကလေးသူငယ် ဆိုသည်မှာ၊ ကလေးများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ၊ ပုလောမြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်မြစောနွယ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က လူငယ်နှင့် စာရိတ္တခေါင်းစဉ် ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ အသိပညာပေး ဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်း၍ အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားရှိသည့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့အစည်းကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးမှုမှတ်တမ်း၊ မိုးရာသီအတွင်းဖြစ်ပေါ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဆိုင်ရာကိစ္စရပ်များ နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

အေးအေးမော်(ပုလော)