နတ်တလင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် (၂၅)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ဇီးကုန်းလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းဘေး သကျမဟာမြတ်မုနိဘုရားကြီးဝန်းရှိ သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နတ်တလင်းမြို့နယ်၊ ကြို့ပင်သာကျေးရွာ ကျောင်းတိုက်ဆရာတော်ဥူးကေဇယျထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များနာယူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့်အဖွဲ့ဝင်များ၊ သကျမဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များမှ ဆရာတော်တစ်ပါးလျှင် ဝါဆိုသင်္ကန်းတစ်စုံစီနှင့်နဝကမဝတ္ထုငွေ(၅၀၀၀/-)ကျပ်ဆပ်ကပ်လှူဒါန်းကာ ကောင်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဓနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး