(၇၅)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အခြေခံပညာ အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

ဘုတ်ပြင်း ဇူလိုင် ၇

၂၀၂၂ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်က အထက-ဘုတ်ပြင်းကျောင်းစာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်းပြိုင်ပွဲ၌ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် အာဇာနည်နေ့မှ အနာဂတ်ခေတ်သစ်ဆီသို့ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၇)ဦး၊ ကဗျာပြိုင်ပွဲတွင်(၅)ဦး စုစုပေါင်း(၁၂)ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တမ်းတလွမ်းရပါသည် ကိုးပွင့်အာဇာနည် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၁)ဦး၊ ကဗျာပြိုင်ပွဲတွင်(၆)ဦး စုစုပေါင်း(၁၇)ဦး ဖြေဆိုယှဉ်ပြိုင်ကြကြောင်းသိရသည်။ ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို မိမိကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း အ.ထ.က ကျောင်းအုပ်ဆရာကြီးထံမှ သိရှိရသည်။

ဘုတ်ပြင်း (ပြန်/ဆက်)