သရက်မြို့၌ ဓမ္မသံချို လဝါဆို Talk Show ဆောင်ရွက်

သရက် ‌ဇူလိုင် ၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဓမ္မသံချို လဝါဆို Talk Show ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ Talk Show ဆောင်ရွက်ရာမှာ ပညာရေး(ငြိမ်း) ဦးမြင့်ဆွေက ဝါဆိုလနှင့် ပတ်သက်လို့ မြန်မာတို့ဓလေ့ ထုံစံမေးမြန်းခြင်း၊ ဝါဆိုလပြည့် ဓမ္မာစကြာ အခါတော်နေ့ ကျင်းပရခြင်းအကြောင်းနှင့် ဓမ္မစကြာတရားတော်ရဲ့ အနှစ်သာရ၊ ဝါဆိုလပြည့်နေ့ရဲ့ ထူးခြားချက် ဝိသေသန ဂုဏ်ထူးများ၊ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ရဲ့ ဂုဏ်ကျေးဇူးကို ပူဇော်သည့် အနှစ်ချုပ်အကြောင်းအရာများ မေးမြန်းခဲ့ရာ ပညာရေး(ငြိမ်း)  Book Club (အဖွဲ့ဝင်) မောင်မင်းသိမ်း သရက်က ပြန်လည်ဖြေကြား သွားခဲ့ကြောင်း သိရသည်။

 ဇော်ထက်(သရက်)