စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၂-ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

မုံရွာ ဇူလိုင် ၇

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးနှင့် အညာမြေတမာလွမ်းစေရန်တို့ကို ရည်ရွယ်၍ ဇူလိုင်(၇)ရက်နေ့ နံနက်()နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် နန္ဒဝန်ရပ်ကွက်ရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်းအတွင်း၌ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနတို့ ပူးပေါင်းပြီး၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပျိုးပင်များကို ပေးအပ်ပွဲကျင်းပရာ မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းက ခရေပင်ကို စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းထံသို့လည်းကောင်း၊ တောအုပ်ကြီး ဦးအောင်နေလင်းက သပြေဘူတအပင်ကို စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်ထံသို့လည်းကောင်း၊ တောအုပ်ဇော်မှ တမာပျိုးပင်များကို ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးတို့က အသီးသီးလက်ခံရရယူခဲ့ကြပြီး သတ်မှတ်နေရာများတွင် အသီးသီးစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းနှင့် တိုင်းဒေသကြီး ခရိုင်အဆင့်ဝန်ထမ်းများ၊ မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းနှင့် ခရိုင်၊ မြို့နယ်အဆင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး တမာပင်(၇၀၀)တို့နှင့်အတူ သရက်ပင်၊ ပေါက်ပန်းဖြူပင်၊ မန်ကျည်းပင်စသည့် သီးပင်စားပင်တို့အား ခြောက်ပေအကွာအတိုင်းအတာဖြင့် သတ်မှတ်နေရာများတွင်  စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

အလားတူ ၂၀၂၂-ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို မုံရွာမြိူ့နယ်အတွင်း ကျင်းပပြုလုပ်ပေးလျက်ရှိရာတွင် မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနအနေဖြင့် ဇူလိုင်(၃)ရက်နေ့တွင် မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ တမာပင်(၃၀၀)၊ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းဝန်းအတွင်း၌ တမာပင်( ၇၀၀ )တို့ကို စိုက်ပျိုးပေးနိုင်ခဲ့ပြီး ယနေ့ ဇူလိုင်၇)ရက်နေ့တွင် မုံရွာတက္ကသိုလ်ကျောင်းဝန်းတွင်ထပ်မံ၍ တမာပင်(၃၀၀)ပင်၊ ဗောဓိတစ်ထောင်အဆိုပြု ကြိုးဝိုင်းအတွင်း၌ တမာပင်(၁၀၀၀)နှင့် ယခုတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် တမာပင်(၇၀၀)စုစုပေါင်း တမာပင်(၃၀၀၀)ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စုပေါင်းစိုက်ပျိုးပေးနိုင်ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)