ပုသိမ် ဇူလိုင် ၆
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) AVIP သင်တန်း ပို့ချမှုကို ပုသိမ်မြို့၊ မြက်တိုစုပေါင်းရုံးရှိ အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပုသိမ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်က တက်ရောက်အမှာ စကား ပြောကြားရာတွင် စီမံကိန်းစတင်သည့်အချိန်မှ စကာ VDP စာရင်းရေးသွင်းပြီးဖြစ်သော ကျေးရွာသုံးခုရှိရာ ပုသိမ်၊ ကန်ကြီးထောင့်၊ ညောင်တုန်း ကျေးရွာများရေးဆွဲ ခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့်ကျေးရွာများ ဆက်လက်ဆောင်ရွက်လျက်ရှိကြကြောင်း၊ စီမံကိန်းများရပ်တန့်သွား ခဲ့ရာ ယခုဆိုလျှင် ၇ လခန့် ကြာခဲ့ပြီဖြစ်၍ ကျန်ရှိနေသေးသော ကျေးရွာများပြီးစီးအောင် ဆက်လက် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ကျေးရွာအုပ်စု (၂၂) အုပ်စုနှင့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ကြသည်။ စီမံကိန်းရေး ဆွဲရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍများစွာပါဝင် နေပြီး နိုင်ငံတော်မှ ထောက်ပံငွေများအပြင် ကျေးရွာများမှ ထည့်ဝင်ငွေများ ပါရှိနေသည့်အတွက် သေချာသော စာရင်းဇယား၊ ဓာတ်ပုံမှတ်တမ်းများဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ယခုကဲ့သို့ သင်တန်းခေါ်ယူရခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ပုသိမ်မြို့ပေါ်ရပ်ကွက်များ မပါဝင်ပဲ ကျေးရွာအုပ်စုများနှင့် ကျေးရွာအသီးသီးမှ တာဝန်ရှိသူများ ကိုသာ ခေါ်ယူသင်တန်းပို့ချပေးခြင်းဖြစ် ကြောင်း သိရသည်။ အခမ်းအနားအပြီးတွင် ပုသိမ်မြို့နယ်၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဝန်ထမ်းများနှင့် အခမ်းအနားတက်ရောက်ကြသူများ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သတင်း ရရှိသည်။
မြင့်ဟန်