ဇလွန်မြို့တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြ

ဇလွန် ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူပေါင်း၍ KUBOTA ကောက်စိုက်စက် (၆-တန်းသွား)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဖက်သောင်ကျေးရွာအုပ်စု ဧက (၁၀၀) စံပြကွက်စိုက်ခင်းရှိ တောင်သူဦးရွှေထူး၏ လယ်မြေ (၁၀)ဧကကွက်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ KUBOTA  ကောက်စိုက်စက်(၆)တန်းသွား ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပျိုးထောင်ရလွယ်ကူခြင်း၊ ပျိုးပင်များ နှုတ်ယူရန်မလိုခြင်း၊ လေဝင်လေထွက်ကောင်းပြီး ကောက်ကွက်ဝင်ဆန့်မှု တိကျမှန်ကန်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်း ကောင်းစေခြင်း၊  ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသော စပါးပင်သည် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြို့နယ် စက်မှုလယ်ယာဦးစီးဌာန ဦးဌေး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာန ဟင်္သာတ အလတ်စားစက်ရုံးမှူး ဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ဇလွန်မြို့နယ်အနေဖြင့် ယခုနှစ်မိုးစပါးရာသီတွင် တစ်ဧက တင်း(၁၀၀)အထက် ထွက်ရှိရေး ဆင်းသုခစပါးဧက(၁၀၀) စံပြကွက်တွင် ကောက်စိုက်စက်ဖြင့် (၁၀)ဧက စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုး၏ ပြောကြားချက်အရ သိရသည်။

ဝေယံ -  ဇလွန် (ပြန် / ဆက်)