သာပေါင်း ဇူလိုင် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်း၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်တို့မှ ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ပြီး လုံခြုံရေး အမြဲမပြတ် အလေးထားဆောင်ရွက်ရန်၊ ဌာနဆိုင်ရာအကြီးအကဲများ တာဝန်ဖြင့် ခရီးသွားလာပါက ခွင့်ပြုချက်တင်ပြရန်၊ လုံခြုံရေး ဂရုစိုက် ဆောင်ရွက်ရန်၊ ဝန်ထမ်းများ၊ မိသားစုဝင်များ ညအချိန်တစ်ယောက်တည်း သွားလာမှု မရှိစေရေး၊ ဌာနဆိုင်ရာများ အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ တင်ပြရန်၊ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲ့မှု ကော်မတီဝင်များ ရှေ့တန်းရုံးတွင် တာဝန် ထမ်းဆောင်ရန်၊ ဌာနဆိုင်ရာများ စစ်ဆေးရေးဂိတ်တွင် ပူးပေါင်းဆောင်ရွက်ရန်၊ ဌာနတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားပြီး ပြန်လည်ဆွေးနွေး တင်ပြမှုများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်