ချောင်းသာ၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ချောင်းသာ ဇူလိုင် ၆

ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် (၉)နာရီက ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ၅ နှစ်မှ ၁၂ နှစ်အထိရှိ ကျောင်းသား/သူများအား မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်‌-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့၀င်များက ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချောင်းသာမြို့တွင် အခြေခံပညာမူလတန်းကျောင်း(၄)ကျောင်း၊ မူလတန်းလွန်ကျောင်း (၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (၁)ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်းတို့ ရှိပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၂၉၄)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၁၁၉၂)ဦးရှိကြောင်း မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ထံကသိရသည်။

ကျော်ကျော်(ပြန်/ဆက်)