ငပုတောမြို့နယ် မီးသတ်ဦးစီးဌာနမှ ခရင်ဝါးချောင်းကျေးရွာအုပ်စု၊ ဂျမ်းကပ်ကျေးရွာတွင် မီးသတ်ခစန်းဆောက်လုပ်မည့် မြေနေရာအား ကြည့်ရှုပြီး အလှုရှင်အား ဂုဏ်​ပြုမှတ်တမ်းလွှာပေးအပ်

ငပုတော ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)နှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ယမန်နေ့ နေ့လည်ပိုင်းက ခရင်ဝါးချောင်းကျေးရွာ အုပ်စု၊ ဂျမ်းကပ်ကျေးရွာတွင်  မီးသတ်စခန်းဆောက်လုပ်မည့် မြေနေရာအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် (၂) ဦးသန်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိ သူများမှ သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ဂျမ်းကပ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မီးသတ်စခန်းဆောက်လုပ်မည့် မြေနေရာအတွက် မြေအ​လှူရှင်အား မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်တို့သည် အထက ဂျမ်းကပ်တွင် ကျောင်းသား၊ ကျောင်းသူများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး အန္တရာယ် ကြရောက်လာပါက ဘေးကင်းလုံခြုံရာသို့ပြောင်းရွှေ့နိုင်ရေးနှင့် မီးငြှိမ်းသတ်သရုပ်ပြ ဆောင်ရွက်ကြောင်း သိရသည်။

အောင်သူ