ဘိုကလေး စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ မင်္ဂလာစံကျောင်းတိုက်တွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းအသိပညာပေး သင်တန်းအား ယနေ့ နံနက် ၉ နာရီခန့်တွင် ဖွင့်လှစ် ပို့ချသည်။
အဆိုပါ သင်တန်းတွင် ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဦးအေးကျော်က ယနေ့(၁)ရက်တာ သင်တန်း ကာလအတွင်း ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဖြစ်ရပ်စီမံခန့်ခွဲမှု လုပ်ငန်းများ၊ ညွှန်းပို့ချိတ်ဆက်မှုဆိုင်ရာ လုပ်ငန်းများ၊ အခြေခံမူများနှင့် နည်းပညာဆိုင်ရာ အခေါ်အဝေါ်များ၊ ဝန်ဆောင်မှုပေးနိုင်သည့် ကဏ္ဍတစ်ခုချင်းစီအလိုက် အခန်းကဏ္ဍ နှင့် တာဝန်ဝတ္တရားများများ အသိပညာပေး ပို့ချဆောင်ရွက်ပြီး သင်တန်းသို့ ဘိုကလေးမြို့နယ်အတွင်းမှ လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)