သံတောင်ကြီးမြို့နယ် မစ(အလယ်)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ဆောင်ရွက်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီး၍ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ထိရောက်အောင်မြင်စေရန်၊ ကျေးရွာလူထုကို စည်းရုံးလှုံ့ဆော်စည်းရုံးနိုင်စေရန်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေါင်းဆောင်၏ အခန်းကဏ္ဍကို သိရှိနားလည်ပြီး ကျင့်သုံးတတ်လာစေရန်ရည်ရွယ်၍ မစ(အလယ်)ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP)ဆောင်ရွက်ရန်အတွက် ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) လုပ်ငန်းနှင့် မိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီများဖွဲ့စည်းခြင်းနှင့် သင်တန်းသားများရွေးချယ် ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP)ဖြင့် နိုင်ငံတော်ထောက်ပံ့ငွေကျပ်သိန်းတစ်ရာနှင့် ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်မည့် ကုန်ထုတ်လမ်းဆောင်ရွက်မည့်နေရာအား မြေနေရာရရှိနိုင်မှုအခြေအနေများအား ကွင်းဆင်းတိုင်းတာ၍ လိုအပ်သည်များကို ကျေးရွာကော်မတီများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ