ကြံခင်းမြို့နယ် ချင်းမြောင်အုပ်စု (အိုဝမ်း) စက်သုံးဆီဆိုင်တွင် မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ကြံခင်း ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ချင်းမြောင်အုပ်စုရှိ(အိုဝမ်း) စက်သုံးဆီဆိုင်တွင် ယမန်နေ့ နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြ  ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်ခဲ့ကြသည်။

အဆိုပါ သရုပ်ပြခြင်းကို ကြံခင်းမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦးတို့က  မီးငြှိမ်းသတ်ယာဉ်၊ ရေသယ် ယာဉ်တို့ဖြင့် မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်းနှင့် (အိုဝမ်း) စက်သုံးဆီဆိုင်ဝန်ထမ်းများအား ဆီမီး (DCP) မီးသတ်ဆေးဘူးဖြင့် မီးလောင်ခြင်းအန္တရာယ် ကြုံတွေ့ပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန် လက်တွေ့သရုပ်ပြသပေးခဲ့ ပါသည်။ ထို့နောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်  မီးသတ်ဆေးဘူး ထားရှိမှုနှင့် စက်သုံးဆီ သိုလှောင်ထားခြင်းကို စစ်ဆေးခဲ့ကြောင်းနှင့် ကြံခင်းမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များသို့ အပတ်စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)