ပေါင်းတည်မြို့နယ်တွင် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပေါင်းတည် ဇူလိုင် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော (Road Safety Education Traning) ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက မြို့မ အ.ထ.က ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကြိုင်က ဟောပြောပွဲနှင့် ပတ်သက်၍လည်းကောင်း၊ ပေါင်းတည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းနှင့် အင်းမမြို့ကြက်ခြေနီတပ်ဖွဲ့မှ ဦးစိုးယုဇော်တို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့်အတူ သရုပ်ပြသင်ကြားပေးခဲ့သည်။

အဆိုပါ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၂၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေးအေးဆင့် (ပြန်/ဆက်)