ရွှေဘိုမြို့နယ်တွင်​ ဒေသဖွံ့ဖြိုးတိုးတက်​ရေး ညှိနှိုင်း​ ဆွေး​နွေးပွဲ ကျင်းပ

​ရွှေဘို ဇူလိုင် ၆

စစ်ကိုင်းတိုင်း​ဒေကြီး၊ ရွှေဘိုခရိုင်၊ ​ရွှေဘိုမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ  တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းက မြို့နယ်အတွင်း ရှိဌာနဆိုင်ရာရုံးများအ​နေဖြင့် ရုံးတွင်းရုံးပြင် သန့်ရှင်း​ရေး​နှင့် ရုံးမျက်နှာစာ သန့်ရှင်း​ရေး အ​လေးထားဆောင်ရွက်ကြရန်၊​ ရုံးလုံခြုံ​ရေး ဂရုစိုက်ကြရန်၊ ထုတ်ပြန်ထား​သော ရာဇဝတ်ကျင့်ထုံး ဥပ​ဒေပုဒ်မ-၁၄၄အရ၊ည(၁၀) မနက်(၄)နာရီအတွင်း ညမထွက်ရအမိန့်နှင့် ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ​​ ဒေသန္တရအမိန့်တို့သည် တည်မြဲဆဲဖြစ်​ကြောင်း၊ မိမိဌာနဝန်ထမ်းများအား အသိ​ပေး၍ တိကျစွာ လိုက်နာကြရန်၊ ကိုဗစ်-၁၉ကာကွယ်​ဆေးထိုးနှံမှု ရည်မှန်းချက် ပြည့်မှီ​ရေး မြို့​​တော်ခန်းမတွင် အပတ်စဉ်၊ တနင်္လာ၊ ဗုဒ္ဓဟူး၊​ သောကြာ​နေ့များတွင် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) အပိုဆောင်းထိုးနှံပေးနေမှုများ၊ စီမံကိန်းလျာထားချက်များပြည့်မှီ​ကျော်လွန်​ရေး၊​မိုးသီးနှံစိုက်ပျိုးရာသီဖြစ်၍​ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်း​ပေးနိုင်​ရေး စီမံ​ဆောင်ရွက်ရန်၊ ကျူး​ကျော်​မြေ​နေရာများ ထပ်မံ မကျူး​ကျော်​စေ​ရေး တာဝန်ရှိသူများမှ ကွင်းဆင်းစီစစ်ရန်၊ ဌာနဆိုင်ရာ​ ဆောင်ရွက်ဆဲလုပ်ငန်းများ အမြန်ပြီးစီး​ရေး​ ပေါင်းစပ်  ညှိုနှိုင်း​ပေးရန်ရှိပါက တင်ပြရန် ဆွေးနွေး​ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးက နယ်မြေအေးချမ်း သာယာရေး လုပ်ငန်းများနှင့် ဌာနဆိုင်ရာများအနေဖြင့် ခရီးသွားရန်ရှိပါက အထက်အဆင့်ဆင့်သို့ အသိ​ပေး ​ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့​ဖြိုးရေး လုပ်ငန်းများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြ​ဆွေး​နွေးခဲ့​ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)