အိမ်မဲမြို့မစျေးကြီး ပတ်လည်ရှိ ရေမြောင်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများ၊ Box Culvert များအတွင်း မိုးတွင်းအခါ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ဆောင်ရွက်

အိမ်မဲ ဇူလိုင် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မစျေးကြီး ပတ်လည်ရှိ ရေမြောင်းများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ရေမြောင်းများ၊ Box Culvert များအတွင်း မိုးတွင်းအခါ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် မြို့မစျေးကြီးပတ်လည်က ရေမြောင်းအတွင်း အမှိုက်များ ဆယ်ယူခြင်း၊ မြို့ပေါ်ရပ်ကွက်များ အတွင်း ရေမြောင်းများအတွင်းက ခြုံနွယ်နှင့် အမှိုက်များဆယ်ယူခြင်း၊ Box Culvert များအတွင်း ရေစီး၊ ရေလာ ကောင်းမွန်ရေးတို့ကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော် ပြောကြားချက်အရ သိရသည်။

ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် ဝန်ထမ်းများက နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)