မုံရွာ ဇူလိူင် ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမားရိုးကျ ထုတ်လုပ်မှုမှ စံချိန် စံညွှန်းပြည့်မီသည့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ ရေရှည် တည်တံ့သော စီးပွားဖြစ် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ တွေ့ဆုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကုန်သည်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး လယ်ယာကဏ္ဍတွင် ဆန်၊ စားသုံးဆီ ပဲမျိုးစုံ၊ ဖူလုံမှုမြင့်မားသည့်အတွက် စိုက်ပျိုးရေးအားကောင်းသော တိုင်းဒေသကြီးတစ်ခုဖြစ်ပါ ကြောင်း၊ စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းရန် လိုအပ် တဲ့အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ကူညီ ဖြည့်ဆည်းပေးသွားမှာ ဖြစ်ပါကြောင်း၊ သီးနှံစိုက်တောင်သူများအတွက် ပြည်တွင်းထုတ် ယူရီးယားဓါတ်မြေသြဇာများအား ဈေးနှုန်းချိုသာစွာဖြင့် အရေအတွက်များစွာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ လယ်ယာ ထွက်ကုန်သီးနှံများ ဈေးကွက်ဈေးနှုန်း တည်ငြိမ်မှုရှိစေရေးအတွက် သက်ဆိုင်ရာ အသင်းအဖွဲ့ အစည်းများကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံအလိုက် မျိုးစေ့စိုက်ခင်းများဆောင်ရွက်ပြီး အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်သည့် မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ဖြန့်ဖြူးကြရန်နှင့် တောင်သူများလိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ အလွယ်တကူ ရရှိသုံးစွဲနိုင်ရေး၊ ရာသီချိန်ခါမီ စိုက်ပျိုးနိုင်ရေးတို့အတွက် ဆက်စပ်ဌာနများမှ ဝိုင်းဝန်း ပူးပေါင်း ကူညီ ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စက်မှုလက်မှုလုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်း များတွင် အခက်အခဲရှိပါက ရင်းရင်းနှီးနှီး၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးရန် ပြောကြား လိုပါကြောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလည်း အသင်းအဖွဲ့၊ လုပ်ငန်းရှင်များက တင်ပြလာ တဲ့ အခက်အခဲများကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များက မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းအခက်အခဲများနှင့် လိုအပ်ချက် များအား အသီးသီးဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ကူညီဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြား ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)