သနပ်ပင်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

သနပ်ပင် ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် အသက်(၅)နှစ်မှ  (၁၂)နှစ်အတွင်းရှိ အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက အထက(သနပ်ပင်) အခြေခံပညာကျောင်းရှိ ဇီဇဝါခန်းမ၌ လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထက် ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အထက(သနပ်ပင်)ကျောင်းမှ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား(၇၃)ဦး၊ ကျောင်းသူ(၆၂)ဦး စုစုပေါင်း (၁၃၅)ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိပြီး ကျန်ရှိနေသော ကျောင်းများရှိ ကျောင်းသားကျောင်းသူများအား  သတ်မှတ်ရက်များအတိုင်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှမိုး(ပြန်ဆက်)