ကမမောင်း ဇူလိုင် ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဓမ္မစကြာဝတ်ရွတ်ဖက်ပူဇော်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်ပေးဒိုင်လူကြီးများက ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲတွင် ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အတန်းတစ်တန်းလျှင် ပြိုင်ပွဲဝင်(၂၀)ဦးဖြင့် ကျား(၁)သင်း၊ မ(၁)သင်း စုစုပေါင်း(၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူ/ကျောင်းသားများအား ဇူလှိုင်လ(၈)ရက်နေ့တွင် ဆုများ အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကမမောင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာချိုထံက သိရှိရသည်။
သန့်ဇင်(ကမမောင်း၊ ပြန်/ဆက်)