အိမ်မဲ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကရင်တိုင်းရင်းသားရေးရာ စာပေနှင့် ယဉ်ကျေးမှု အသင်း၏ (18’×25’) နှစ်ထပ် RC အသင်းရုံးဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်းကျင်းပရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အဆိုပါရုံး၌ ယနေ့ နံနက် ၁၀ နာရီတွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက ဖွင့်ပွဲနေ့တွင် အခမ်းအနား ဖဲကြိုးဖြတ်ဖွင့်လှစ် မည့်နေရာ၊ ဧည့်ခံကျွေးမွေးရေးအစီအစဉ်၊ ရွှေပြည်တန်ခန်းမတွင် ကျေးရွာအသီးသီးမှ ကရင်တိုင်းရင်းသားများနှင့် တွေ့ဆုံမည့် အစီအစဉ်နှင့် အခမ်းအနားကို ကရင်အမျိုးသားသီချင်း သီဆို၍ ဖွင့်လှစ်မည်ဖြစ်ရာ သက်ဆိုင်ရာ ဌာနအသီးသီးမှ ပေါင်းစပ် ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။
ဆက်လက်ပြီး အလှူရှင်များက အလှူငွေများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ပြီး မြောင်းမြခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဖွင့်ပွဲကျင်းပမည့် နေရာအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။ အိမ်မဲမြို့နယ် ကရင်တိုင်းရင်းသားရေးရာစာပေနှင့် ယဉ်ကျေးမှုအသင်း၏ (18’×25’) နှစ်ထပ် RC အသင်းရုံးဆိုင်းဘုတ်တင် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇူလိုင် (၉)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)