တောင်ငူ၌ မိုးစပါး ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

တောင်ငူ ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် စက်မှုလယ်ယာဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ပတ်တန်းကျေးရွာ တောင်သူဦးသိန်းလွင်၏ လယ်မြေ၌ ကောက်စိုက်စက်ဖြင့် တောင်သူများ လက်တွေ့သရုပ်ပြ မောင်းနှင်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းလွင်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထက်ထက်မင်းက ဒေသခံတောင်သူများ စိုက်ပျိုးချိန်တွင် လုပ်သားရှားပါးမှု အခက်အခဲများ မဖြစ်ပေါ်စေရေးအတွက် ဦးစီးဌာနက အချိန်နှင့်တစ်ပြေးညီ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးနိုင်ကြောင်းနှင့် တောင်သူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်၊ ခရိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)